Showing posts with label Database. Show all posts
Showing posts with label Database. Show all posts

Friday, April 8, 2016

Database Language

Database ကိုအသုံးပြုဖို့အတွက် database Language ဆိုတာလိုအပ်ပါတယ်။ database language တွေက Database schema တွေ၊ actual data တွေကို define သတ်မှတ်ပေးရန်အတွက်အသုံးပြုကြပါတယ်။ Database Language အမျိုးအစား နှစ်မျိုးရှိပါတယ်။
  • SQL (Structured Query Language)
  • NDL

Relational data model တွေကို အသုံးချဖို့အတွက် (data manipulation လုပ်ဖိုအတွက်) SQL ကိုအသုံးပြုပါတယ်။ NDL ကတော့ network data model ကို manipulation လုပ်ဖို့အတွက်အသုံးပြုကြပါတယ်။
Database Language တွေကို အသေးစိတ်လေ့လာမယ်ဆိုရင် သူ့ကို အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါတယ်။
  • Data Definition Language (DDL)
  •  Data Manipulation Language (DML)
  •  End User Language (EUL)

Data Definition Language ဆိုတဲ့အတိုင်းဘဲ သူက data တွေကို define လုပ်ပေးနိုင်ပါတယ်။ တနည်းပြောရရင် schema တွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဥပမာ Create ၊ Drop ၊ Rename တို့ကိုပြောခြင်းဖြစ်ပါတယ်။
Data Manipulation Language ဆိုတာကတော့ database ကို operation လုပ်ဖိုအတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ table တစ်ခုကနေ လိုချင်တဲ့ row ကို ဆွဲထုတ်တာမျိုးကို ဆိုလိုပါတယ်။ (Select ၊ Insert ၊ Update စသည်ဖြင့်)
End User Language ဆိုတာကေတာ့ end user တွေအတွက် query Language ဘဲဖြစ်ပါတယ်။

SQL Database Language

            ခုအသုံးများဆုံး data model ကိုပြောပါဆိုရင် relational data model ဘဲဖြစ်ပါတယ်။ SQL ကတော့ relational data model တွေကို manipulate လုပ်ဖိုအတွက် အသုံးပြုတဲ့ database Language တစ်ခုပါဘဲ။ SQL က non-procedural Language ဖြစ်တဲ့အတွက် သူ့ရဲ့ statement တွေက ရိုးရှင်း ပါတယ်။ တစ်နည်းပြောရရင် English Words စကားအတိုင်း ရေးသားထားခြင်း ဘဲဖြစ်ပါတယ်။ အဲ့တာကြောင့်ဘဲ SQL ကို နော်တစ်မျိုးခေါတာက SEQUEL ( Structured English Query Language ) ဘဲဖြစ်ပါတယ်။
(manipulate လုပ်တယ်ဆိုတာ set Operations တွေဖြစ်တဲ့ Union ၊ Difference ၊ Intersection ၊ Cartesian product လို operations မျိုးကိုလည်ကောင်း ၊ Relation Operations တွေဖြစ်တဲ့ Projection ၊ Join ၊ Divide လို operation မျိုးကိုလည်းကောင်း ပြုလုပ်ပေး ခြင်းဖြစ်ပါတယ်။)
SQL structure
SQL မှာ Embedded SQL နှင့် Interactive SQL ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။

Embedded SQL ကို host language system မှာအသုံးပြုပါတယ်။ Host Language system ဆိုတာက database တွေကိုအခြား programming languages တွေကနေလှမ်းပြီးတော့ manipulate လုပ်တဲ့ system မျိုးဖြစ်ပါတယ်။ ဥပမာ ပြောရရင် Java program code ထဲကနေပြီးတော့ database queries တွေကို ခေါ်သုံးတာမျိုးဖြစ်ပါတယ်။

Interactive SQL ဆိုတာကတော့ self-contained system မှာအသုံးပြုတာဖြစ်ပါတယ်။ သူတို့က အခြား programming language တွေကနေပြီးတော့ database ကို manipulate လုပ်တာမဟုတ်ဘဲ၊ database manipulation language (MySQL) တစ်ခုတည်းကဘဲ manipulate လုပ်တာဖြစ်တယ်။


Data Loading

            Database တွေတည်ဆောက်ပြီးသွားတဲ့အခါမှာ database (table) ထဲကို data တွေ ကိုထည့်သွင်းပေးရပါတယ်။အဲ့လို process မျိုးကို database loading လို့ခေါ်ပါတယ်။ database loading ကို သုံးနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
            Interactive System ဆိုတာကတော့ SQL statement တစ်ခုဖြစ်တဲ့ INSERT ကိုအသုံးပြုပြီးတော့ data တွေကို line by line ထည့်သွင်းတာဘဲဖြစ်ပါတယ်။ Line by line လုပ်တာကြောင့် များစွာသော data တွေကို ထည့်ရာမှာ အစဉ်မပြေပါဘူး။
            Host Language System ဆိုတာကတော့ programming language တစ်ခုခုကိုအသုံးချပြီး data တွေကို ထည့်တာဘဲဖြစ်ပါတယ်။ Programming ကိုအသုံးပြုပြီးထည့်တာကြောင့် condition ( data ကို filter) ပြုလုပ်နိုင်ပါတယ်။

            Utility Program System  ဆိုတာကတော့ utility program တွေကိုအသုံးပြုပြီးတော့ data တွေကိုထည့်သွင်းတာဘဲဖြစ်ပါတယ်။ များစွာသော data တွေကိုထည့်သွင်းရာမှာအသုံးဝင်ပါတယ်။

Monday, April 4, 2016

3-Tier Schema and ERD

3-Tier Schema

            Data modeling တွေလုပ်ဆောင်ရန်အတွက် ANSI-SPARC ကနေပြီးတော့ 3-tier schema ကို မိတ်ဆတ်ခဲ့ပါတယ်။ 3-Tier လို့ပြောတဲ့အတိုင်းဘဲ သူ့မှာ အပိုင်းသုံးပိုင်းပါ ပါတယ်။

  1. External schema
  2. Internal schema
  3. Conceptual schema 
External schema က user point view က data တွေ (user လိုချင်တဲ့ ပုံစံ) ကို အသုံးပြုပြီး database ပုံစံတည်ဆောက်တဲ့အပိုင်းဖြစ်ပါတယ်။ Conceptual schema ကတော့ data structure ကို logical အရ define လုပ်ပေးယုံပါ ။တကယ် တည်ဆောက်တာက internal schema အပိုင်းမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် internal schema က physical data structure ကို define လုပ်ပေးတာပါဖြစ်ပါတယ်။

ERD

          အဆောက်ဦး တစ်ခုတည်ဆောက်တော့မယ် ဆိုရင် ဒီအတိုင်း ရမ်းသန်းဆောက်လို့မရပါဘူး။ လိုအပ်တဲ့ design တွေ ၊ resources တွေကို analysis လုပ်ပေးပြီးမှ တည်ဆောက်ရပါတယ်။ အဆောက်ဦး ပုံစံ design ချတာမျိုး -blueprint လုပ်တာမျိုးလုပ်ရပါတယ်။ Database မှာလည်း ထိုနည်းတူစွာ ပြုလုပ်ပေးရပါတယ်။ အဲ့လိုမျိုး process ကို Entity-Relationship model (ERD) ဆိုတဲ့ diagram expressing ကနေပြီးတော့ ပြုလုပ်ပေးပါတယ်။ ERD ပုံတွေဆိုတာ database blueprint တွေဖြစ်ပါတယ်။ ERD က 3-Tier schema မှာဆိုရင် conceptual schema အပိုင်းကို ဖော်ပြပေး တဲ့ diagram တွေဘဲဖြစ်ပါတယ်။ ERD အဆင့်ထိ ဆိုရင် DBMS independence ဘဲဖြစ်ပါသေးတယ်။  ဆိုလိုတာက အဆောက်ဦးဆောက်ဖို့ အတွက် design ဆွဲတာ က ပုံစံချတာ သတ်သတ်ဘဲရှိပါသေးတယ်။ အဲ့ designed ဆွဲပြီးသား အဆောက်ဦးကို ဘာနှင့်တည်ဆောက်မှာလည်း (ဥပမာ သစ်သာ၊အုတ် စသည်ဖြင့်) ဆိုတာက အပိုင်းတစ်ပိုင်းဖြစ်တယ်။ ERD က ပုံစံ သတ်သတ်ဖြစ်ပြီးတော့ အဲ့ကနေထွက်လာတဲ့ ပုံစံပေါမူတည်းပြီး ဘာ DBMS (ဥပမာ MySQL,Oracle စသည်ဖြင့်) ကိုသုံးမှာလည်း ဆိုတာကို ပြုလုပ်ကြပါတယ်။
ERD model တစ်ခုမှာဆိုရင် အပိုင်း ၃ ပိုင်းပါ ပါတယ်။

  1.   Entities
  2.  Relationships
  3.  Attributes
Entities ဆိုတာ က objects တွေပါ။ သူ့ကို rectangle box နှင့်ဖော်ပြပါတယ်။ Relationship ဆိုတာကတော့ entity တစ်ခု နှင့် entity တစ်ခုကြားက ဆက်သွယ်မှုပါဘဲ၊ သူ့ကို diamond ပုံစံဖြင့်ဖော်ပြပါတယ်။ Attribute ဆိုတာကတော့ entity ထဲမှာပါ ၀င်တဲ့ values တွေပါ (characteristics of entities) ၊ သူ့ကို oval ပုံစံဖြင့်ဖော်ပြပါတယ်။

ပုံတွင် ဖော်ပြသည့်အတိုင်း Driver က နေပြီး ကား မောင်းပြီး ခရီးတစ်ခု သွားတာ ဖြစ်ပါတယ်။ Driver ၊ Car ဆိုတာက objects တွေဖြစ်ပါတယ်။ သူတို့ကို entities အနေနှင့်ယူဆပါတယ်။ Driver တစ်ယောက်မှာ နာမည်ပါမယ်၊ လိုင်စင်ပါမယ် စသည်ဖြင့်ပေါ့ အဲ့တာတွေက driver ရဲ့ characteristics တွေဘဲဖြစ်ပါတယ်။ ပုံမှာတော့ Driver ရဲ့ Name တစ်ခုကိုဘဲ attribute ယူထားတာဘဲဖြစ်ပါတယ်။ ထိုနည်းတူစွာပင် Car လည်းအတူတူပင်ဖြစ်ပါတယ်။ Driver နှင့် Car ကြားမှာ ဘာ      ဆက်နွယ်မှူရှိလည်းဆိုရင် ကားမောင်းခြင်း (Drive) ဆိုတာက ဆက်သွယ်ပေးထားပါတယ်။ Drive Relationship မှာ attribute တစ်ခု ရှိနေတာ ကိုသတိပြုမိမယ်ထင်ပါတယ်။ ဆိုလိုတာက trip ဆိုတာ Driver ကြောင့်ဖြစ်တာလည်းမဟုတ် ဘူး၊ Car ကြောင့်ဖြစ်တာလည်း မဟုတ်ဘူး (Car ကိုဒီအတိုင်းရပ်ထားရင်ပေါ့) ၊ Driver က Car ကို မောင်းသွားမှသာ Trip ဆိုတာ ဖြစ်ပေါသောကြောင့် Trip attribute ကို drive Relationship မှာ link ချိတ်ပေးထား ခြင်းဖြစ်ပါတယ်။
Relationship အမျိုးအစား သုံးမျိုးရှိပါတယ်။
One-to-One
One-to-many
Many-to-many တိုဘဲဖြစ်ပါတယ်။ တကယ်လို့ Car တစ်စီး Driver တစ်ယောက်ဘဲဖြစ်ရမယ် လို့ constant ပေးမယ်ဆိုရင် one-to-one relationship ဖြစ်ပေါပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ Car တစ်စီး ကို Driver တစ်ယောက်ထက်မက လို constant ပေးရင် one-to-many relationship ဖြစ်ပေါပါတယ်။ 

Sunday, April 3, 2016

Introduction To Database

Database
                ယနေ့ခေတ်မှာ database ဆိုတာ အရမ်းအရေးပါတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ database ဆိုတဲ့အသုံးအနှုန်းကို 1960 လောက်မှာ စတင်မိတ်ဆတ်ခဲ့ပါတယ်။ database တွေ မပေါခင်မှာ file-based system တွေကို အသုံးပြုခဲ့ကြပါတယ်။
           

File-based System

            File base system ဆိုတာ user အသုံးပြုချင်သော application programs တွေစုစည်းပေးထားသော Service တစ်ခုဘဲဖြစ်ပါတယ်။ Program တစ်ခုကို data တစ်ခု ဖြစ်တဲ့အတွက် limitation တွေများစွာရှိနေပါတယ်။ ( Data Isolation, Data dependence, Data duplication,  Lack of flexibility )
File-based System ရဲအားနည်း ချက်တွေကြောင့် database System ကို စတင် အသုံးပြုခဲ့ပါတယ်။ DB System က file မှာ support မပေးတာကို ကို support ပေးထားပါတယ်။ (Data Sharing, Consistency of data, Security of data, Data independence, Increased concurrency,  Improved data backups and recovery )
File-based System

Data Model

          Database ကို စတင် မပြောခင်မှာ အရင်ဆုံး data model ဆိုတာကို သိထားဖိုလိုပါတယ်။ Real world က data (Raw) တွေကို computerized ဖြစ်အောင် ပုံပြောင်းပေးရပါတယ်။ အဲလိုမျိုး process ကို data modeling လုပ်တယ်လို ပြောပါတယ်။ တစ်နည်းပြောရရင် data model ဆိုတာ user နှင့် DBMS ကြားက interface တစ်ခုဘဲ ဖြစ်ပါတယ်။
User တွေက ပေးတဲ့ data ( real world data ) တွေကို computerized မလုပ်ခင်မှာ model ပုံစံတည်ဆောက်ပေးပြီးမှ ပြောင်းပေးရပါတယ်။



Hierarchical data model

          Hierarchical data model ကို 1968 မှာ IBM ကနေ စတင် မိတ်ဆတ်ခဲ့ပါတယ်။ data set တွေက hierarchical ပုံစံအတိုင်းတည်ရှိနေပါတယ်။
ပုံအရ A node ကို root node (parent မရှိသော node) လို့ခေါပါတယ်။ node တွေကြားမှာ link   ချိတ်ပေးထားတာ ကိုတော့ branch လို့ခေါပါတယ်။ အောက်ဆုံး nodes (G,H) တွေကိုတော့ leaf node (child မရှိသော node) လိုပြောပါတယ်။ root node အပါအ၀င် အခြားသော node တွေအားလုံးကို segment လို့သုံးဆွဲလေ့ရှိပါတယ်။ Hierarchical data model ရဲ့ထူးခြားချက်က node တစ်ခုမှာ parent node တစ်ခုထက်ပိုမရှိပါဘူး။
( A parent can have more than one child ,but each child can’t have more than on parent )
အဲ့လိုမျိုး parent-child relationship ကြောင့် item တစ်ခု (node) ကိုသွားဖိုဆိုရင် လမ်းကြောင်း တစ်ခုတည်းက နေသာသွားလို့ရပါတယ်။


Network data model

          Network data model ကို 1963 မှာ IDS ကနေစင် မိတ်ဆက်ခဲ့ပါတယ်။ Hierarchical data mode မှာ တော့ node တွေ စုစည်းထားတာကို segment လို့ခေါပေမယ့် network data model မှာ node တွေကို record လို့သုံးနှုန်းပါတယ်။အဲ့ record တွေကို network နှင့်ချိတ်ချက်ထားပါတယ်။ သူ့မှာ တစ်ခုပိုလားတာက level ဆိုတာပါဘဲ။ Hierarchy တစ်ခုချင်းစိ ကို level တစ်ခုလို့သတ်မှတ်ပါတယ်။ root node ကတော့ level 0 ဖြစ်ပါတယ်။
Network data model ရဲ့ထူးခြားချက်က child တစ်ခုမှာ parent တစ်ခုထက် မက ရှိနေနိုင်နေတာဘဲ။ အဲ့တာကြောင့် item တစ်ခုကို သွားတော့မယ်ဆိုရင် လမ်းကြောင်းတွေက တစ်ခုထက်မက ရှိနေနိုင်ပါတယ်။ ဥပမာ H node ကိုသွားချင်ရင် A-B-E-H ကနေသွားနိုင်သလို ။ A-C-F-H / A-C-E-H တို့ကနေလည်း သွားနိုင်ပါတယ်။


Relational data model

          Relational data model ကို 1970 မှာ IBM ကနေစတင် မိတ်ဆတ်ခဲ့ပါတယ်။ Relational မှာ table (Row –Column) ကိုဘဲအသုံးပြုပါတယ်။ Row က record အတွက်ဖြစ်ပြီးတော့ ။ Column ကတော့ data field အတွက်ဘဲဖြစ်ပါတယ်။ Row တွေကို တစ်နည်းအားဖြင့် tuple လို့လည်းခေါပါသေးတယ်။ ထိုနည်းတူစွာ column တွေကို
Attribute လို့သုံနှုန်းပါတယ်။