Friday, April 8, 2016

Database Language

Database ကိုအသုံးပြုဖို့အတွက် database Language ဆိုတာလိုအပ်ပါတယ်။ database language တွေက Database schema တွေ၊ actual data တွေကို define သတ်မှတ်ပေးရန်အတွက်အသုံးပြုကြပါတယ်။ Database Language အမျိုးအစား နှစ်မျိုးရှိပါတယ်။
  • SQL (Structured Query Language)
  • NDL

Relational data model တွေကို အသုံးချဖို့အတွက် (data manipulation လုပ်ဖိုအတွက်) SQL ကိုအသုံးပြုပါတယ်။ NDL ကတော့ network data model ကို manipulation လုပ်ဖို့အတွက်အသုံးပြုကြပါတယ်။
Database Language တွေကို အသေးစိတ်လေ့လာမယ်ဆိုရင် သူ့ကို အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါတယ်။
  • Data Definition Language (DDL)
  •  Data Manipulation Language (DML)
  •  End User Language (EUL)

Data Definition Language ဆိုတဲ့အတိုင်းဘဲ သူက data တွေကို define လုပ်ပေးနိုင်ပါတယ်။ တနည်းပြောရရင် schema တွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဥပမာ Create ၊ Drop ၊ Rename တို့ကိုပြောခြင်းဖြစ်ပါတယ်။
Data Manipulation Language ဆိုတာကတော့ database ကို operation လုပ်ဖိုအတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ table တစ်ခုကနေ လိုချင်တဲ့ row ကို ဆွဲထုတ်တာမျိုးကို ဆိုလိုပါတယ်။ (Select ၊ Insert ၊ Update စသည်ဖြင့်)
End User Language ဆိုတာကေတာ့ end user တွေအတွက် query Language ဘဲဖြစ်ပါတယ်။

SQL Database Language

            ခုအသုံးများဆုံး data model ကိုပြောပါဆိုရင် relational data model ဘဲဖြစ်ပါတယ်။ SQL ကတော့ relational data model တွေကို manipulate လုပ်ဖိုအတွက် အသုံးပြုတဲ့ database Language တစ်ခုပါဘဲ။ SQL က non-procedural Language ဖြစ်တဲ့အတွက် သူ့ရဲ့ statement တွေက ရိုးရှင်း ပါတယ်။ တစ်နည်းပြောရရင် English Words စကားအတိုင်း ရေးသားထားခြင်း ဘဲဖြစ်ပါတယ်။ အဲ့တာကြောင့်ဘဲ SQL ကို နော်တစ်မျိုးခေါတာက SEQUEL ( Structured English Query Language ) ဘဲဖြစ်ပါတယ်။
(manipulate လုပ်တယ်ဆိုတာ set Operations တွေဖြစ်တဲ့ Union ၊ Difference ၊ Intersection ၊ Cartesian product လို operations မျိုးကိုလည်ကောင်း ၊ Relation Operations တွေဖြစ်တဲ့ Projection ၊ Join ၊ Divide လို operation မျိုးကိုလည်းကောင်း ပြုလုပ်ပေး ခြင်းဖြစ်ပါတယ်။)
SQL structure
SQL မှာ Embedded SQL နှင့် Interactive SQL ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။

Embedded SQL ကို host language system မှာအသုံးပြုပါတယ်။ Host Language system ဆိုတာက database တွေကိုအခြား programming languages တွေကနေလှမ်းပြီးတော့ manipulate လုပ်တဲ့ system မျိုးဖြစ်ပါတယ်။ ဥပမာ ပြောရရင် Java program code ထဲကနေပြီးတော့ database queries တွေကို ခေါ်သုံးတာမျိုးဖြစ်ပါတယ်။

Interactive SQL ဆိုတာကတော့ self-contained system မှာအသုံးပြုတာဖြစ်ပါတယ်။ သူတို့က အခြား programming language တွေကနေပြီးတော့ database ကို manipulate လုပ်တာမဟုတ်ဘဲ၊ database manipulation language (MySQL) တစ်ခုတည်းကဘဲ manipulate လုပ်တာဖြစ်တယ်။


Data Loading

            Database တွေတည်ဆောက်ပြီးသွားတဲ့အခါမှာ database (table) ထဲကို data တွေ ကိုထည့်သွင်းပေးရပါတယ်။အဲ့လို process မျိုးကို database loading လို့ခေါ်ပါတယ်။ database loading ကို သုံးနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
            Interactive System ဆိုတာကတော့ SQL statement တစ်ခုဖြစ်တဲ့ INSERT ကိုအသုံးပြုပြီးတော့ data တွေကို line by line ထည့်သွင်းတာဘဲဖြစ်ပါတယ်။ Line by line လုပ်တာကြောင့် များစွာသော data တွေကို ထည့်ရာမှာ အစဉ်မပြေပါဘူး။
            Host Language System ဆိုတာကတော့ programming language တစ်ခုခုကိုအသုံးချပြီး data တွေကို ထည့်တာဘဲဖြစ်ပါတယ်။ Programming ကိုအသုံးပြုပြီးထည့်တာကြောင့် condition ( data ကို filter) ပြုလုပ်နိုင်ပါတယ်။

            Utility Program System  ဆိုတာကတော့ utility program တွေကိုအသုံးပြုပြီးတော့ data တွေကိုထည့်သွင်းတာဘဲဖြစ်ပါတယ်။ များစွာသော data တွေကိုထည့်သွင်းရာမှာအသုံးဝင်ပါတယ်။