Sunday, April 17, 2016

XML

XML ဆိုတာက Extensible Markup Language ကိုခေါ်ဆိုခြင်းဖြစ်ပြီး platform independent တဲ့ text-based markup language တစ်ခုဖြစ်ပါတယ်။ XML ကို Meta-data Language လို့လည်းခေါ်ပါသေးတယ်။ XML ကိုမပြာခင်မှာ HTML ကိုအရင်သိထားသင့်ပါတယ်။ HTML မှာ သတ်မှတ်ထားသော tag တွေသာအသုံးပြုလို့ရပါတယ်။ သူ့ထဲမှာမပါတဲ့ tag တွေကိုရေးလို့မရပါဘူး။ (အသစ်ထပ်ထည့်လို့မရဘူးပေါ့) အဲ့တာမျိုးကို not extensible လို့ပြောပါတယ်။ XML မှာတော့ ကြိုက်တဲ့ tag ကိုရေးသားနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက်သတ်မှတ်ပေးလို့ရပါတယ်။ (စိတ်ကြိုက်ရေးလို့ရတယ်ဆိုတာ ဖြစ်သလိုရေးရတာမဟုတ်ပါဘူး၊ XML မှာအခြေခံသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုတော့လိုက်နာရပါတယ်။) XML document  တွေကိုများသောအားဖြင့် low level data တွေဖြစ်တဲ့ System configuration file တွေအတွက်နှင့် document တစ်ခုရဲ့ meta data ကိုသိမ်းဆည်းရန်အတွက်အသုံးပြုပါတယ်။


XML Document

XML Document တစ်ခုမှာ အောက်ပါ components တွေပါဝင်ပါတယ်။
  1. Prologue
  2. Elements
  3. Attributes

Prologue ဆိုတာက XML Document မှာ version, encoding စတာတွေကို ကြေညာပေးတဲ့ အပိုင်းဘဲဖြစ်ပါတယ်။
            <? xml version=”1.0” encoding=”UTF-8”?>
အကယ်၍ prologue သာမပါဘူးဆိုရင် XML doc က default အနေနဲ့ version=”1.0”နှင့် encoding=”UTF-8”ကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။အခြားသော tag တွေနှင့်မတူတာက Prologue tag မှာ <? နှင့်စပြီး ?> နှင့်အဆုံးသတ်ပါတယ်။

Elements

Prologue ပြီးတဲ့အခါကျန်သော tag တွေအားလုံးကို element လို့ခေါ်ပါတယ်။ XML document ထဲက element tag ကိုအောက်ပါအတိုင်းရေးသားပါတယ်။
            <tag_name attribute_name=”attribute_value” >                               content                      </tag_name>
Element ထဲမှာ content လည်းဖြစ်နိုင်သလို နောက်ထပ် element tag (nested element) တစ်ခုလည်းဖြစ်နိုင်ပါတယ်။ Attribute: Element tag တစ်ခုစိတိုင်းမှာ ပါဝင်နိုင်ပါတယ်။ XML document tag တွေက case-sensitive ဖြစ်ပါတယ်။

Example of XML document
Sample XML Document

            Example မှာဆိုရင် Programming tag က အပြင်ဘက်ဆုံး tag ဖြစ်ပြီး သူ့ကို root node (Document Element) လို့ခေါ်ပါတယ်။ Programming tag ထဲမှာ အခြား tag 4 ခုပါဝင်ပါတယ်။ (Java, C, VB, HTML) Java tag ထဲမှာ attribute တစ်ခုပါဝင်ပါတယ်။ use  ဆိုတာ attribute name ဖြစ်ပြီး ၊ JDK8 ဆိုတာကတော့ attribute value ဘဲဖြစ်ပါတယ်။ Hello World ဆိုတာက content value ဘဲဖြစ်ပါတယ်။ Web tag ထဲမှာတော့ Html ရယ် Database ရယ် ဆိုပြီးတော့ nested tag ၂ခု ထည့်သွင်းထားပါတယ်။
XML document တစ်ခုဟာ only data storage ပါဘဲ။ သူကိုယ်တိုင် သူ့ထဲမှာ ပါဝင်တဲ့ data(content) တွေကိုမပြသနိုင်ပါဘူး။အဲ့တော့ သူ့ထဲက data တွေကို သိရှိနိုင်ဖို့အတွက် သူ့ကို Parse လုပ်ရပါတယ်။ အဲ့လို လုပ်ဆောင်ပေးသော function ကို XML Parser လို့ခေါ်ပါတယ်။

XML Parser

            XML Document အတွင်းမှာရှိတဲ့ element content တွေကို access လုပ်နိုင်ရန်အတွက် XML parser ကထောက်ပံ့ပေးပါတယ်။ (XML Document တစ်ခုကို parse မလုပ်ခင် အရင်ဆုံး parse လုပ်မဲ့ document က error ကင်းနေဖို့လိုအပ်ပါတယ်။ အဲ့လိုမျိုး XML document တစ်ခု error ကင်းကြောင်းစမ်းသတ်တဲ့နည်းတွေအများအပြားရှိပါတယ်) Document တစ်ခုကို parse လုပ်တဲ့အခါ နည်းလမ်း ၂ မျို:အသုံးပြုလို့ရပါတယ်။
·         Document Object Model (DOM)
·         Simple API for XML (SAX)

DOM Parser
            DOM parser က document တစ်ခုလုံးကို ဖတ်လိုက်ပါတယ်။ ဆိုလိုတာက document  တစ်ခုလုံးကို memory ပေါ်တင်ပေးလိုက်တာပါဘဲ။ tree-structure ပုံစံအနေနှင့်ပေါ့ ။ ( Document အတွင်းမှာရှိတဲ့ element တစ်ခုချင်းစိက tree node အနေနှင့် ရောက်ရှိသွားပါတယ်။ )
DOM parser's memory structure

 
SAX Parser

            SAX Parser က Event-Driven parser တစ်ခုဖြစ်ပါတယ်။ သူက document ကိုအပိုင်းတွေခွဲလုပ်တာပါ။ (Document structure တစ်ခုလုံးကို memory ပေါ်မတင်ပါဘူး Line by Line လုပ်ဆောင်သွားတာဘဲဖြစ်ပါတယ်)
Event Sequence SAX Processing

Friday, April 8, 2016

Database Language

Database ကိုအသုံးပြုဖို့အတွက် database Language ဆိုတာလိုအပ်ပါတယ်။ database language တွေက Database schema တွေ၊ actual data တွေကို define သတ်မှတ်ပေးရန်အတွက်အသုံးပြုကြပါတယ်။ Database Language အမျိုးအစား နှစ်မျိုးရှိပါတယ်။
  • SQL (Structured Query Language)
  • NDL

Relational data model တွေကို အသုံးချဖို့အတွက် (data manipulation လုပ်ဖိုအတွက်) SQL ကိုအသုံးပြုပါတယ်။ NDL ကတော့ network data model ကို manipulation လုပ်ဖို့အတွက်အသုံးပြုကြပါတယ်။
Database Language တွေကို အသေးစိတ်လေ့လာမယ်ဆိုရင် သူ့ကို အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါတယ်။
  • Data Definition Language (DDL)
  •  Data Manipulation Language (DML)
  •  End User Language (EUL)

Data Definition Language ဆိုတဲ့အတိုင်းဘဲ သူက data တွေကို define လုပ်ပေးနိုင်ပါတယ်။ တနည်းပြောရရင် schema တွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဥပမာ Create ၊ Drop ၊ Rename တို့ကိုပြောခြင်းဖြစ်ပါတယ်။
Data Manipulation Language ဆိုတာကတော့ database ကို operation လုပ်ဖိုအတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ table တစ်ခုကနေ လိုချင်တဲ့ row ကို ဆွဲထုတ်တာမျိုးကို ဆိုလိုပါတယ်။ (Select ၊ Insert ၊ Update စသည်ဖြင့်)
End User Language ဆိုတာကေတာ့ end user တွေအတွက် query Language ဘဲဖြစ်ပါတယ်။

SQL Database Language

            ခုအသုံးများဆုံး data model ကိုပြောပါဆိုရင် relational data model ဘဲဖြစ်ပါတယ်။ SQL ကတော့ relational data model တွေကို manipulate လုပ်ဖိုအတွက် အသုံးပြုတဲ့ database Language တစ်ခုပါဘဲ။ SQL က non-procedural Language ဖြစ်တဲ့အတွက် သူ့ရဲ့ statement တွေက ရိုးရှင်း ပါတယ်။ တစ်နည်းပြောရရင် English Words စကားအတိုင်း ရေးသားထားခြင်း ဘဲဖြစ်ပါတယ်။ အဲ့တာကြောင့်ဘဲ SQL ကို နော်တစ်မျိုးခေါတာက SEQUEL ( Structured English Query Language ) ဘဲဖြစ်ပါတယ်။
(manipulate လုပ်တယ်ဆိုတာ set Operations တွေဖြစ်တဲ့ Union ၊ Difference ၊ Intersection ၊ Cartesian product လို operations မျိုးကိုလည်ကောင်း ၊ Relation Operations တွေဖြစ်တဲ့ Projection ၊ Join ၊ Divide လို operation မျိုးကိုလည်းကောင်း ပြုလုပ်ပေး ခြင်းဖြစ်ပါတယ်။)
SQL structure
SQL မှာ Embedded SQL နှင့် Interactive SQL ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။

Embedded SQL ကို host language system မှာအသုံးပြုပါတယ်။ Host Language system ဆိုတာက database တွေကိုအခြား programming languages တွေကနေလှမ်းပြီးတော့ manipulate လုပ်တဲ့ system မျိုးဖြစ်ပါတယ်။ ဥပမာ ပြောရရင် Java program code ထဲကနေပြီးတော့ database queries တွေကို ခေါ်သုံးတာမျိုးဖြစ်ပါတယ်။

Interactive SQL ဆိုတာကတော့ self-contained system မှာအသုံးပြုတာဖြစ်ပါတယ်။ သူတို့က အခြား programming language တွေကနေပြီးတော့ database ကို manipulate လုပ်တာမဟုတ်ဘဲ၊ database manipulation language (MySQL) တစ်ခုတည်းကဘဲ manipulate လုပ်တာဖြစ်တယ်။


Data Loading

            Database တွေတည်ဆောက်ပြီးသွားတဲ့အခါမှာ database (table) ထဲကို data တွေ ကိုထည့်သွင်းပေးရပါတယ်။အဲ့လို process မျိုးကို database loading လို့ခေါ်ပါတယ်။ database loading ကို သုံးနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
            Interactive System ဆိုတာကတော့ SQL statement တစ်ခုဖြစ်တဲ့ INSERT ကိုအသုံးပြုပြီးတော့ data တွေကို line by line ထည့်သွင်းတာဘဲဖြစ်ပါတယ်။ Line by line လုပ်တာကြောင့် များစွာသော data တွေကို ထည့်ရာမှာ အစဉ်မပြေပါဘူး။
            Host Language System ဆိုတာကတော့ programming language တစ်ခုခုကိုအသုံးချပြီး data တွေကို ထည့်တာဘဲဖြစ်ပါတယ်။ Programming ကိုအသုံးပြုပြီးထည့်တာကြောင့် condition ( data ကို filter) ပြုလုပ်နိုင်ပါတယ်။

            Utility Program System  ဆိုတာကတော့ utility program တွေကိုအသုံးပြုပြီးတော့ data တွေကိုထည့်သွင်းတာဘဲဖြစ်ပါတယ်။ များစွာသော data တွေကိုထည့်သွင်းရာမှာအသုံးဝင်ပါတယ်။

Wednesday, April 6, 2016

Understanding JVM

JVM လို့ပြောတာနဲ Java developers တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ Java app ကို run တော့မယ်ဆိုရင် အရင်ဆုံး class file ပြောင်း၊ ပြီးရင် bytecode ထုတ်တာပြီး  JRE ထဲမှာ execute  လုပ်လိုက်တာဘဲဖြစ်ပါတယ်။ JRE ထဲမှာဘာတွေပါဘည်း၊ ဘယ်လိုအလုပ်လုပ် လည်းဆိုတာ သိထားဖို့လိုပါတယ်။

JRE ဆိုတာ Java API တွေရယ် JVM ရယ်ပေါင်းစပ်ထားတဲ့ package တစ်ခုပါဘဲ။ JRE ရဲံအဓိက component ကတော့ JVM (Java Virtual Machine) ဘဲဖြစ်ပါတယ်။
Virtual Machine တွေရဲ့သဘော သဘာဝအရ သူတို့က software implementation တွေဖြစ်ပြီးတော့၊ program တွေကို တကယ့် physical machine ပေါမှာတင် run နေရသလိုမျိုးလုပ်ဆောင်ပေးပါတယ်။ Java က platform independence ဘာကြောင့်ဖြစ်တာလည်းဆိုရင် JVM ကြောင့်ဖြစ်တာပါ။ Java ကိုစတင် create လုပ်ကတည်းက WORA (Write once, Run Anywhere) ဖြစ်ဖို့အတွက်ရည်ရွယ်တာကြောင့် တကယ် physical machine (OS platforms ကိုဆိုလိုပါတယ်) ပေါမှာမှီခီုမူမရှိအောင် ပြုလုပ်ထားပါတယ်။ သူ့အတွက် ကိုယ်ပိုင် machine (JVM) လေးတစ်ခုတည်ဆောက်လိုက်ပြီး bytecodes တွေကို execute လုပ်ပေးနိုင်တာဘဲဖြစ်ပါတယ်။
Java ကို company တစ်ခုတည်းကနေ တည်ထွင်ခဲ့ပေမဲ့ JVM ကို မတူညီတဲ့ organization  တွေကနေပြီးတော့ တည်ထွင်ထားပါတယ်။ အဲ့တော့ JVM type တွေက အမျိုးမျိုးရှိပါတယ်။ Oracle က ထုတ်တဲ့ JVM ၊ IBM ကထုတ်တဲ့ JVM စသည်ဖြင့်ပေါ့။ Google ကထုတ်တဲ့ Dalvik VM ဆိုတာလည်း JVM အမျိုးအစားတစ်ခုပါဘဲ။
Complie 

Java app တစ်ခုကို complie လုပ် လိုက်တဲ့အခါမှာ class file ထွတ်လာပါတယ်။


ထွက်လာတဲ့ class file ကို class loader ကနေပြီးတော့ လိုအပ်တဲ့ lib files တွေနှင့်ချိတ်ဆက်ပေးပါတယ်။ ပြီးရင် bytecode ကို ပြောင်းလဲပေးလိုက်ပါတယ်။ bytecode ဆိုတာက user language နှင့် machine language ကြားမှာရှိတဲ့ middle-language တစ်ခုလဲဖြစ်ပါတယ်။ JVM က ၀င်လာတဲ့ bytecode ကို emulate လုပ်ပေးပါတယ်။ တစ်နည်းပြောရရင် bytecode ဆိုတာ JVM နားလည်တဲ့ language ဖြစ်သွားပါပြီး။
Class Loader ထဲမှာ process သုံးခုပြုလုပ်ပေးပါတယ်။ Load ၊ Link ၊ Initialize ဆိုတာပါဘဲ ။ Load အပိုင်းမှာတော့  User-Defined Class Loader / System Class Loader / Extension Class Loader / Bootstrap Class Loader တိုပါဝင်ပါတယ်။

Class Loader က class တစ်ခုကို load လုပ်တော့မယ်ဆိုရင် အထက်ပါ အတိုင်း စစ်ဆေးပြိးလုပ်ဆောင်ပါတယ်။ User-Defined Class Loader က user မှ direct ရေးသားထားတဲ့ code တွေကို load ခေါပေးပါတယ်။ System Class loader ကတော့ CLASSPATH ထဲမှာရှိတဲ့ class တွေကို load ခေါပေးပါတယ်။ Extension Class Loader ကတော့ လိုအပ်တဲ့ Java API တွေကို load လုပ်ပေးပါတယ်။ နောက်ဆုံး bootstrap class loader မှာတော့ JVM က စတင် run နေပါပြီး။
အဲ့တာ class တစ်ခုစာ process တစ်ခုပါ။ အခြားသော class တွေရှိသေးတဲ့အတွက် link process ကို ဆက်လက်လုပ်ဆောင်ပါတယ်။

Link process ပြီးလို့ initializing လုပ်ပြီးသွားရင် class loader အပိုင်းက ပြီးဆုံးသွားပါပြီး။ Class Loader ကနေထွက်လာတဲ့ output က Runtime Data Area ထဲကို ရောက်ရှိသွားပါတယ်။

Runtime Data Area

            Runtime Data Area ဆိုတာ JVM ကို OS ပေါမှာ  run နိုင်ရန်အတွက် သတ်မှတ်ပေးထားသော memory area လေးတစ်ခုဘဲဖြစ်ပါတယ်။ Runtime Data Area ကို အပိုင်း ၅ ပိုင်းခွဲလိုရပါတယ်။ အတိအကျပြောရင် ၆ ပိုင်းခွဲလို့ရတာပါ။

PC Register တစ်ခုက thread တစ်ခုအတွက်ဘဲ create လုပ်ပါတယ်။ နောက်ထပ် thread တစ်ခုသာဆိုရင် နောက်ထပ် PC Register တစ်ခုထပ်ပြီး create လုပ်ပေးရပါတယ်။ ထိုနည်းတူစွာ JVM stack နှင့် Native Method Stack တို့ကလည်း အတူတူပင်ဖြစ်ပါတယ်။
Heap နှင့် Method Area အပါအ၀င် Runtime Constant Pool တို့က တစ်ခါ create လုပ်ယုံပါဘဲ ။ thread တွေဘယ်လောက်ရှိရှိ သူတို့ကို တစ်ကြိမ်တည်းသာ create လုပ်ပေးရပါတယ်။
PC register ဆို Program counter register ဖြစ်ပြီး executed လုပ်ထားတဲ့ JVM ရဲ့ instruction တွေရှိတဲ့ address ဘဲဖြစ်ပါတယ်။ next instruction တွေကို ရည်ညွန်းတာဘဲဖြစ်ပါတယ်။
Thread တစ်ခုအတွက် JVM stack တစ်ခု ဖြစ်တယ်။ အဲ့တော့ stack တွေအားလုံးကို stack Frame ပေါမှာတင်ထားပါတယ်။ JVM က လိုအပ်သလို stack တွေကို stack frame ပေါ push/pull လုပ်ဆောင်ပါတယ်။
Native method stack ဆိုတာကတော့ Java မဟုတ်တဲ့ native code တွေထားရှိရန်အတွက်သုံးတဲ့ stack တစ်ခုဘဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် native interface ကနေတစ်ဆင့် link ချိတ်ထားတဲ့ c code တွေကိုထားရန်အတွက် ဖြစ်ပါတယ်။ c stack ပေါ့။ (program ပေါမူတည်ပြီး stack name ပြောင်းနီင်သည်)
Method Area ဆိုတာ လွယ်လွယ်ပြောရရင် class data (static variables, field and method information, method bytecode constant pool) တွေ store လုပ်တဲ့ space တစ်ခုဖြစ်ပါတယ်။
Heap ဆိုတာက objects တွေ ၊ instances တွေကို store လုပ်တဲ့ space တစ်ခုဖြစ်တယ်။ အဓိကကတော့ garbage
Collection အတွက်သုံးပြုပါတယ်။ JVM အမျိုးအစားတွေက heap ကိုကိုင်တယ် ပုံချင်း မတူ နှင့် garbage collect လုပ်၊မလုပ် ပေါမှာကွဲပြားသွားပါတယ်။