Friday, April 8, 2016

Database Language

Database ကိုအသုံးပြုဖို့အတွက် database Language ဆိုတာလိုအပ်ပါတယ်။ database language တွေက Database schema တွေ၊ actual data တွေကို define သတ်မှတ်ပေးရန်အတွက်အသုံးပြုကြပါတယ်။ Database Language အမျိုးအစား နှစ်မျိုးရှိပါတယ်။
  • SQL (Structured Query Language)
  • NDL

Relational data model တွေကို အသုံးချဖို့အတွက် (data manipulation လုပ်ဖိုအတွက်) SQL ကိုအသုံးပြုပါတယ်။ NDL ကတော့ network data model ကို manipulation လုပ်ဖို့အတွက်အသုံးပြုကြပါတယ်။
Database Language တွေကို အသေးစိတ်လေ့လာမယ်ဆိုရင် သူ့ကို အမျိုးအစား ၃ မျိုးခွဲခြားနိုင်ပါတယ်။
  • Data Definition Language (DDL)
  •  Data Manipulation Language (DML)
  •  End User Language (EUL)

Data Definition Language ဆိုတဲ့အတိုင်းဘဲ သူက data တွေကို define လုပ်ပေးနိုင်ပါတယ်။ တနည်းပြောရရင် schema တွေကို သတ်မှတ်ပေးနိုင်ပါတယ်။ ဥပမာ Create ၊ Drop ၊ Rename တို့ကိုပြောခြင်းဖြစ်ပါတယ်။
Data Manipulation Language ဆိုတာကတော့ database ကို operation လုပ်ဖိုအတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ table တစ်ခုကနေ လိုချင်တဲ့ row ကို ဆွဲထုတ်တာမျိုးကို ဆိုလိုပါတယ်။ (Select ၊ Insert ၊ Update စသည်ဖြင့်)
End User Language ဆိုတာကေတာ့ end user တွေအတွက် query Language ဘဲဖြစ်ပါတယ်။

SQL Database Language

            ခုအသုံးများဆုံး data model ကိုပြောပါဆိုရင် relational data model ဘဲဖြစ်ပါတယ်။ SQL ကတော့ relational data model တွေကို manipulate လုပ်ဖိုအတွက် အသုံးပြုတဲ့ database Language တစ်ခုပါဘဲ။ SQL က non-procedural Language ဖြစ်တဲ့အတွက် သူ့ရဲ့ statement တွေက ရိုးရှင်း ပါတယ်။ တစ်နည်းပြောရရင် English Words စကားအတိုင်း ရေးသားထားခြင်း ဘဲဖြစ်ပါတယ်။ အဲ့တာကြောင့်ဘဲ SQL ကို နော်တစ်မျိုးခေါတာက SEQUEL ( Structured English Query Language ) ဘဲဖြစ်ပါတယ်။
(manipulate လုပ်တယ်ဆိုတာ set Operations တွေဖြစ်တဲ့ Union ၊ Difference ၊ Intersection ၊ Cartesian product လို operations မျိုးကိုလည်ကောင်း ၊ Relation Operations တွေဖြစ်တဲ့ Projection ၊ Join ၊ Divide လို operation မျိုးကိုလည်းကောင်း ပြုလုပ်ပေး ခြင်းဖြစ်ပါတယ်။)
SQL structure
SQL မှာ Embedded SQL နှင့် Interactive SQL ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။

Embedded SQL ကို host language system မှာအသုံးပြုပါတယ်။ Host Language system ဆိုတာက database တွေကိုအခြား programming languages တွေကနေလှမ်းပြီးတော့ manipulate လုပ်တဲ့ system မျိုးဖြစ်ပါတယ်။ ဥပမာ ပြောရရင် Java program code ထဲကနေပြီးတော့ database queries တွေကို ခေါ်သုံးတာမျိုးဖြစ်ပါတယ်။

Interactive SQL ဆိုတာကတော့ self-contained system မှာအသုံးပြုတာဖြစ်ပါတယ်။ သူတို့က အခြား programming language တွေကနေပြီးတော့ database ကို manipulate လုပ်တာမဟုတ်ဘဲ၊ database manipulation language (MySQL) တစ်ခုတည်းကဘဲ manipulate လုပ်တာဖြစ်တယ်။


Data Loading

            Database တွေတည်ဆောက်ပြီးသွားတဲ့အခါမှာ database (table) ထဲကို data တွေ ကိုထည့်သွင်းပေးရပါတယ်။အဲ့လို process မျိုးကို database loading လို့ခေါ်ပါတယ်။ database loading ကို သုံးနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
            Interactive System ဆိုတာကတော့ SQL statement တစ်ခုဖြစ်တဲ့ INSERT ကိုအသုံးပြုပြီးတော့ data တွေကို line by line ထည့်သွင်းတာဘဲဖြစ်ပါတယ်။ Line by line လုပ်တာကြောင့် များစွာသော data တွေကို ထည့်ရာမှာ အစဉ်မပြေပါဘူး။
            Host Language System ဆိုတာကတော့ programming language တစ်ခုခုကိုအသုံးချပြီး data တွေကို ထည့်တာဘဲဖြစ်ပါတယ်။ Programming ကိုအသုံးပြုပြီးထည့်တာကြောင့် condition ( data ကို filter) ပြုလုပ်နိုင်ပါတယ်။

            Utility Program System  ဆိုတာကတော့ utility program တွေကိုအသုံးပြုပြီးတော့ data တွေကိုထည့်သွင်းတာဘဲဖြစ်ပါတယ်။ များစွာသော data တွေကိုထည့်သွင်းရာမှာအသုံးဝင်ပါတယ်။

Wednesday, April 6, 2016

Understanding JVM

JVM လို့ပြောတာနဲ Java developers တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ Java app ကို run တော့မယ်ဆိုရင် အရင်ဆုံး class file ပြောင်း၊ ပြီးရင် bytecode ထုတ်တာပြီး  JRE ထဲမှာ execute  လုပ်လိုက်တာဘဲဖြစ်ပါတယ်။ JRE ထဲမှာဘာတွေပါဘည်း၊ ဘယ်လိုအလုပ်လုပ် လည်းဆိုတာ သိထားဖို့လိုပါတယ်။

JRE ဆိုတာ Java API တွေရယ် JVM ရယ်ပေါင်းစပ်ထားတဲ့ package တစ်ခုပါဘဲ။ JRE ရဲံအဓိက component ကတော့ JVM (Java Virtual Machine) ဘဲဖြစ်ပါတယ်။
Virtual Machine တွေရဲ့သဘော သဘာဝအရ သူတို့က software implementation တွေဖြစ်ပြီးတော့၊ program တွေကို တကယ့် physical machine ပေါမှာတင် run နေရသလိုမျိုးလုပ်ဆောင်ပေးပါတယ်။ Java က platform independence ဘာကြောင့်ဖြစ်တာလည်းဆိုရင် JVM ကြောင့်ဖြစ်တာပါ။ Java ကိုစတင် create လုပ်ကတည်းက WORA (Write once, Run Anywhere) ဖြစ်ဖို့အတွက်ရည်ရွယ်တာကြောင့် တကယ် physical machine (OS platforms ကိုဆိုလိုပါတယ်) ပေါမှာမှီခီုမူမရှိအောင် ပြုလုပ်ထားပါတယ်။ သူ့အတွက် ကိုယ်ပိုင် machine (JVM) လေးတစ်ခုတည်ဆောက်လိုက်ပြီး bytecodes တွေကို execute လုပ်ပေးနိုင်တာဘဲဖြစ်ပါတယ်။
Java ကို company တစ်ခုတည်းကနေ တည်ထွင်ခဲ့ပေမဲ့ JVM ကို မတူညီတဲ့ organization  တွေကနေပြီးတော့ တည်ထွင်ထားပါတယ်။ အဲ့တော့ JVM type တွေက အမျိုးမျိုးရှိပါတယ်။ Oracle က ထုတ်တဲ့ JVM ၊ IBM ကထုတ်တဲ့ JVM စသည်ဖြင့်ပေါ့။ Google ကထုတ်တဲ့ Dalvik VM ဆိုတာလည်း JVM အမျိုးအစားတစ်ခုပါဘဲ။
Complie 

Java app တစ်ခုကို complie လုပ် လိုက်တဲ့အခါမှာ class file ထွတ်လာပါတယ်။


ထွက်လာတဲ့ class file ကို class loader ကနေပြီးတော့ လိုအပ်တဲ့ lib files တွေနှင့်ချိတ်ဆက်ပေးပါတယ်။ ပြီးရင် bytecode ကို ပြောင်းလဲပေးလိုက်ပါတယ်။ bytecode ဆိုတာက user language နှင့် machine language ကြားမှာရှိတဲ့ middle-language တစ်ခုလဲဖြစ်ပါတယ်။ JVM က ၀င်လာတဲ့ bytecode ကို emulate လုပ်ပေးပါတယ်။ တစ်နည်းပြောရရင် bytecode ဆိုတာ JVM နားလည်တဲ့ language ဖြစ်သွားပါပြီး။
Class Loader ထဲမှာ process သုံးခုပြုလုပ်ပေးပါတယ်။ Load ၊ Link ၊ Initialize ဆိုတာပါဘဲ ။ Load အပိုင်းမှာတော့  User-Defined Class Loader / System Class Loader / Extension Class Loader / Bootstrap Class Loader တိုပါဝင်ပါတယ်။

Class Loader က class တစ်ခုကို load လုပ်တော့မယ်ဆိုရင် အထက်ပါ အတိုင်း စစ်ဆေးပြိးလုပ်ဆောင်ပါတယ်။ User-Defined Class Loader က user မှ direct ရေးသားထားတဲ့ code တွေကို load ခေါပေးပါတယ်။ System Class loader ကတော့ CLASSPATH ထဲမှာရှိတဲ့ class တွေကို load ခေါပေးပါတယ်။ Extension Class Loader ကတော့ လိုအပ်တဲ့ Java API တွေကို load လုပ်ပေးပါတယ်။ နောက်ဆုံး bootstrap class loader မှာတော့ JVM က စတင် run နေပါပြီး။
အဲ့တာ class တစ်ခုစာ process တစ်ခုပါ။ အခြားသော class တွေရှိသေးတဲ့အတွက် link process ကို ဆက်လက်လုပ်ဆောင်ပါတယ်။

Link process ပြီးလို့ initializing လုပ်ပြီးသွားရင် class loader အပိုင်းက ပြီးဆုံးသွားပါပြီး။ Class Loader ကနေထွက်လာတဲ့ output က Runtime Data Area ထဲကို ရောက်ရှိသွားပါတယ်။

Runtime Data Area

            Runtime Data Area ဆိုတာ JVM ကို OS ပေါမှာ  run နိုင်ရန်အတွက် သတ်မှတ်ပေးထားသော memory area လေးတစ်ခုဘဲဖြစ်ပါတယ်။ Runtime Data Area ကို အပိုင်း ၅ ပိုင်းခွဲလိုရပါတယ်။ အတိအကျပြောရင် ၆ ပိုင်းခွဲလို့ရတာပါ။

PC Register တစ်ခုက thread တစ်ခုအတွက်ဘဲ create လုပ်ပါတယ်။ နောက်ထပ် thread တစ်ခုသာဆိုရင် နောက်ထပ် PC Register တစ်ခုထပ်ပြီး create လုပ်ပေးရပါတယ်။ ထိုနည်းတူစွာ JVM stack နှင့် Native Method Stack တို့ကလည်း အတူတူပင်ဖြစ်ပါတယ်။
Heap နှင့် Method Area အပါအ၀င် Runtime Constant Pool တို့က တစ်ခါ create လုပ်ယုံပါဘဲ ။ thread တွေဘယ်လောက်ရှိရှိ သူတို့ကို တစ်ကြိမ်တည်းသာ create လုပ်ပေးရပါတယ်။
PC register ဆို Program counter register ဖြစ်ပြီး executed လုပ်ထားတဲ့ JVM ရဲ့ instruction တွေရှိတဲ့ address ဘဲဖြစ်ပါတယ်။ next instruction တွေကို ရည်ညွန်းတာဘဲဖြစ်ပါတယ်။
Thread တစ်ခုအတွက် JVM stack တစ်ခု ဖြစ်တယ်။ အဲ့တော့ stack တွေအားလုံးကို stack Frame ပေါမှာတင်ထားပါတယ်။ JVM က လိုအပ်သလို stack တွေကို stack frame ပေါ push/pull လုပ်ဆောင်ပါတယ်။
Native method stack ဆိုတာကတော့ Java မဟုတ်တဲ့ native code တွေထားရှိရန်အတွက်သုံးတဲ့ stack တစ်ခုဘဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် native interface ကနေတစ်ဆင့် link ချိတ်ထားတဲ့ c code တွေကိုထားရန်အတွက် ဖြစ်ပါတယ်။ c stack ပေါ့။ (program ပေါမူတည်ပြီး stack name ပြောင်းနီင်သည်)
Method Area ဆိုတာ လွယ်လွယ်ပြောရရင် class data (static variables, field and method information, method bytecode constant pool) တွေ store လုပ်တဲ့ space တစ်ခုဖြစ်ပါတယ်။
Heap ဆိုတာက objects တွေ ၊ instances တွေကို store လုပ်တဲ့ space တစ်ခုဖြစ်တယ်။ အဓိကကတော့ garbage
Collection အတွက်သုံးပြုပါတယ်။ JVM အမျိုးအစားတွေက heap ကိုကိုင်တယ် ပုံချင်း မတူ နှင့် garbage collect လုပ်၊မလုပ် ပေါမှာကွဲပြားသွားပါတယ်။ 

Monday, April 4, 2016

3-Tier Schema and ERD

3-Tier Schema

            Data modeling တွေလုပ်ဆောင်ရန်အတွက် ANSI-SPARC ကနေပြီးတော့ 3-tier schema ကို မိတ်ဆတ်ခဲ့ပါတယ်။ 3-Tier လို့ပြောတဲ့အတိုင်းဘဲ သူ့မှာ အပိုင်းသုံးပိုင်းပါ ပါတယ်။

  1. External schema
  2. Internal schema
  3. Conceptual schema 
External schema က user point view က data တွေ (user လိုချင်တဲ့ ပုံစံ) ကို အသုံးပြုပြီး database ပုံစံတည်ဆောက်တဲ့အပိုင်းဖြစ်ပါတယ်။ Conceptual schema ကတော့ data structure ကို logical အရ define လုပ်ပေးယုံပါ ။တကယ် တည်ဆောက်တာက internal schema အပိုင်းမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် internal schema က physical data structure ကို define လုပ်ပေးတာပါဖြစ်ပါတယ်။

ERD

          အဆောက်ဦး တစ်ခုတည်ဆောက်တော့မယ် ဆိုရင် ဒီအတိုင်း ရမ်းသန်းဆောက်လို့မရပါဘူး။ လိုအပ်တဲ့ design တွေ ၊ resources တွေကို analysis လုပ်ပေးပြီးမှ တည်ဆောက်ရပါတယ်။ အဆောက်ဦး ပုံစံ design ချတာမျိုး -blueprint လုပ်တာမျိုးလုပ်ရပါတယ်။ Database မှာလည်း ထိုနည်းတူစွာ ပြုလုပ်ပေးရပါတယ်။ အဲ့လိုမျိုး process ကို Entity-Relationship model (ERD) ဆိုတဲ့ diagram expressing ကနေပြီးတော့ ပြုလုပ်ပေးပါတယ်။ ERD ပုံတွေဆိုတာ database blueprint တွေဖြစ်ပါတယ်။ ERD က 3-Tier schema မှာဆိုရင် conceptual schema အပိုင်းကို ဖော်ပြပေး တဲ့ diagram တွေဘဲဖြစ်ပါတယ်။ ERD အဆင့်ထိ ဆိုရင် DBMS independence ဘဲဖြစ်ပါသေးတယ်။  ဆိုလိုတာက အဆောက်ဦးဆောက်ဖို့ အတွက် design ဆွဲတာ က ပုံစံချတာ သတ်သတ်ဘဲရှိပါသေးတယ်။ အဲ့ designed ဆွဲပြီးသား အဆောက်ဦးကို ဘာနှင့်တည်ဆောက်မှာလည်း (ဥပမာ သစ်သာ၊အုတ် စသည်ဖြင့်) ဆိုတာက အပိုင်းတစ်ပိုင်းဖြစ်တယ်။ ERD က ပုံစံ သတ်သတ်ဖြစ်ပြီးတော့ အဲ့ကနေထွက်လာတဲ့ ပုံစံပေါမူတည်းပြီး ဘာ DBMS (ဥပမာ MySQL,Oracle စသည်ဖြင့်) ကိုသုံးမှာလည်း ဆိုတာကို ပြုလုပ်ကြပါတယ်။
ERD model တစ်ခုမှာဆိုရင် အပိုင်း ၃ ပိုင်းပါ ပါတယ်။

  1.   Entities
  2.  Relationships
  3.  Attributes
Entities ဆိုတာ က objects တွေပါ။ သူ့ကို rectangle box နှင့်ဖော်ပြပါတယ်။ Relationship ဆိုတာကတော့ entity တစ်ခု နှင့် entity တစ်ခုကြားက ဆက်သွယ်မှုပါဘဲ၊ သူ့ကို diamond ပုံစံဖြင့်ဖော်ပြပါတယ်။ Attribute ဆိုတာကတော့ entity ထဲမှာပါ ၀င်တဲ့ values တွေပါ (characteristics of entities) ၊ သူ့ကို oval ပုံစံဖြင့်ဖော်ပြပါတယ်။

ပုံတွင် ဖော်ပြသည့်အတိုင်း Driver က နေပြီး ကား မောင်းပြီး ခရီးတစ်ခု သွားတာ ဖြစ်ပါတယ်။ Driver ၊ Car ဆိုတာက objects တွေဖြစ်ပါတယ်။ သူတို့ကို entities အနေနှင့်ယူဆပါတယ်။ Driver တစ်ယောက်မှာ နာမည်ပါမယ်၊ လိုင်စင်ပါမယ် စသည်ဖြင့်ပေါ့ အဲ့တာတွေက driver ရဲ့ characteristics တွေဘဲဖြစ်ပါတယ်။ ပုံမှာတော့ Driver ရဲ့ Name တစ်ခုကိုဘဲ attribute ယူထားတာဘဲဖြစ်ပါတယ်။ ထိုနည်းတူစွာပင် Car လည်းအတူတူပင်ဖြစ်ပါတယ်။ Driver နှင့် Car ကြားမှာ ဘာ      ဆက်နွယ်မှူရှိလည်းဆိုရင် ကားမောင်းခြင်း (Drive) ဆိုတာက ဆက်သွယ်ပေးထားပါတယ်။ Drive Relationship မှာ attribute တစ်ခု ရှိနေတာ ကိုသတိပြုမိမယ်ထင်ပါတယ်။ ဆိုလိုတာက trip ဆိုတာ Driver ကြောင့်ဖြစ်တာလည်းမဟုတ် ဘူး၊ Car ကြောင့်ဖြစ်တာလည်း မဟုတ်ဘူး (Car ကိုဒီအတိုင်းရပ်ထားရင်ပေါ့) ၊ Driver က Car ကို မောင်းသွားမှသာ Trip ဆိုတာ ဖြစ်ပေါသောကြောင့် Trip attribute ကို drive Relationship မှာ link ချိတ်ပေးထား ခြင်းဖြစ်ပါတယ်။
Relationship အမျိုးအစား သုံးမျိုးရှိပါတယ်။
One-to-One
One-to-many
Many-to-many တိုဘဲဖြစ်ပါတယ်။ တကယ်လို့ Car တစ်စီး Driver တစ်ယောက်ဘဲဖြစ်ရမယ် လို့ constant ပေးမယ်ဆိုရင် one-to-one relationship ဖြစ်ပေါပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ Car တစ်စီး ကို Driver တစ်ယောက်ထက်မက လို constant ပေးရင် one-to-many relationship ဖြစ်ပေါပါတယ်။